ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဖဒိုရဲစခန်းမှရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီး ရမိခြင်း

၂၈-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဖဒိုရဲစခန်းမှရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-ကျွန်းကုန်းကားလမ်း မိုင်တိုင်(၇၇/၃)အနီ၊ ဖဒိုမြို့၊ ဘိုးပိုက်ဆံ(၄)ရပ်ကွက်တွင် ယာဉ်အမှတ်(8I-4677)တပ်ဆင်ထားသော Super Custom ခဲရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၃၂)ချောင်း၊ (၀.၄၈၇၄)တန်နှင့် အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် ယာဉ်နှင့် တရားခံများအား သစ်တော ဥပဒေပုဒ်မ ၄၃(က)အရ အရေးယူဆောင်ရွက်ထားရှိပါသည်။