ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၁-၃-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်းအကွက်(၂၁)၊ ခန့်မှန်း မြေပုံညွှန်း(V-240573)နေရာမှ တရားမဝင် ကျွန်းခွဲသား(၁၆)ချောင်း၊ (၂.၇၆၁၀)တန် အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်များအား ဥပဒေနှင့် အညီဆောင်ရွက်ထားရှိပြီး ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်လျက်ရှိပါသည်။