တန့်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပကာကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ ရွှေမျောက်ခန်းပစ္စည်းများအား ဖမ်းဆီးရမိခြင်း

၂၆-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပကာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ ရွာမုံတောင် ကြိုးပြင်ကာကွယ်တော၊ ပကာကျေးရွာ၏ မြောက်ဘက်(၄)ဖာလုံခန့်အကွာ၊ စီပဒုံး ချောင်းအတွင်း ခန့်မှန်းမြေပုံညွှန်း GA-150508 နေရာအတွင်း တောင်ဟုန်ရွာ၏ အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာ ချပ်ချောင်းဘေးခန့်မှန်းမြေပုံညွှန်း GA-114490 နေရာ တွင် တော်ဟုန်ရွာ၏ အနောက်မြောက်ဘက်(၄)ဖာလုံခန့်အကွာ စီပဒုံးချောင်းအတွင်း ခန့်မှန်းမြေပုံညွှန်း GA-098507 နေရာများတွင် ရွှေမျောစက်တွင် အသုံးပြုသည့် အင်ဂျင်(၂၀)H.P (၁)လုံး၊ (၃၅) H.P (၁)လုံး၊ (၂၅) H.P (၅)လုံး၊ (၁၈) H.P (၁)လုံး၊ စုစုပေါင်း အင်ဂျင်(၈)လုံး၊ ရေလည်ခရု(၂)လုံး၊ ချိန်းပတောက်(၁)ခု၊ ၄" ပိုက် (၅)လုံးနှင့် အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် ရွှေမျောက်ခန်းပစ္စည်းများအား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိပြီး တရားခံအား သစ်တောနည်း ဥပဒေ(၁၀၅)၊ သစ်တောဥပဒေပုဒ်မ ၄၀(ခ)ဖြင့် အရေးယူဆောင်ရွက်ဖြစ်ပါသည်။