ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ တရားမဝင်ကျွန်းတံခါးရွက်များဖမ်းဆီးရမိခြင်း

၂-၃-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် မှော်ဘီမြို့၊ အနော် ရထာလမ်း၊ အမှတ်(၂)ရပ်ကွက်တွင် ယာဉ်အမှတ်(YGN-6E/3194) တပ်ဆင်ထားသော MPV(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ်(၂၅)ချပ် (၁.၃၁၂၅)တန်အား ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် ကျွန်းတံခါးရွက်နှင့် ယာဉ်အား ဥပဒေ နှင့်အညီဆောင်ရွက်ထားရှိပြီး ပိုင်ရှင်အားစုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်လျက်ရှိပါသည်။