ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၃.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် ပဲခူးမြို့နယ်၊ တရုတ်လယ်ကျင်း၊ သစ်တောစခန်းတွင် ယာဉ်အမှတ် (၃က/၆၅၈၈) တပ်ဆင်ထားသော HINO အမျိုးအစား (၆) ဘီးယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား (၃၁) ချောင်း၊ (၃.၆၂၅၂) တန်၊ လံထင်း(၂.၈၁၁၆) တန် နှင့်အတူ တရားခံ (၁) ဦး၊ ဝေါလမ်း၊ မိုင်တိုင်အမှတ် (၆၂/၁)နှင့် (၆၂/၂)ကြားတွင် ယာဉ်အမှတ် (YGN-1F/2217) တပ်ဆင်ထားသော FUSO အမျိုးအစား(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၄၅) ချောင်း ၊ (၂.၂၀၈၄) တန် နှင့် တရားခံ (၁) ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ တရားမဝင် (ပျဉ်းကတိုး /အခြား) ခွဲသား (၇၆)ချောင်း၊ (၅.၈၃၃၆)တန်၊ လံထင်း (၂.၈၁၁၆)တန်၊ ယာဉ် (၂) စီး၊ တရားခံ (၂) ဦးတို့ဖြစ်ပါသည်။ တရားမဝင်သစ်တော ထွက်ပစ္စည်းများနှင့် ယာဉ်၊ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(ခ) တို့ဖြင့် အရေးယူဆောင်ရွက်ထားရှိပါသည်။