ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် အမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

၅.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန် ထမ်းများနှင့် အမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် အုတ်တွင်းမြို့နယ် ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၀/၁ အနီးတွင် ယာဉ်အမှတ် (8I/1137) တပ်ဆင်ထားသော Super Custom အမျိုးအစားယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၉၄) ချောင်း (၀.၇၉၀၆) တန်အား သိမ်းဆီးရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင် သစ်များနှင့် ယာဉ်အား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိပါသည်။