ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

၃.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ကျောက်တံခါးမြို့နယ် ကောလိယချောင်းဘေး ခန့်မှန်း မ.ပ.ည (KV-269883) နေရာတွင် ယာဉ်အမှတ်မပါ HINO အမျိုးအစား အပြာနုရောင် (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား (၂၄) ချောင်း ၊ (၃.၀၄၆၂) တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်နှင့် ယာဉ်အား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိသည်။ ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။