ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများမှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၅.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများသည် တောင်ငူမြို့နယ်၊ ပဲကျက်ကုန်းရွာနှင့် ချောင်းဖြူရွာ ချင်းဆက်တံတားတွင် ယာဉ်အမှတ် (5M-4729) တပ်ဆင်ထားသော FAW အမျိုးအစား အပြာရောင်ယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား (၈၁)ချောင်း ၊ (၁.၁၆၈၂) တန် နှင့်အတူ တရားခံ (၂) ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁ (က)ဖြင့် အရေးယူဆောင်ရွက် ထားရှိပါသည်။