ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခရိုင်မှုခင်းအကူဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့မှတရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

၂.၃.၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခရိုင်မှုခင်းအကူဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်မှ ပင်လုံမြိုသို့အဝင် ရဲကင်းအနီးတွင် ယာဉ်အမှတ် (3B/ 4220) တပ်ဆင်ထားသည့် Nissan Fuso အမျိုးအစား အစိမ်းရောင် (၁၂)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ (၁၂) တုံး၊ ၂.၀၅၉ တန်နှင့်အတူ တရားခံ (၂) ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆည်းရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား ပပက ဥပဒေပုဒ်မ ၆(၁) အရအမှုဖွင့်ထားရှိပါသည်။