ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့မှတရားမဝင်သစ်များဖမ်းဆီးရမိခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂.၃.၂၀၁၇ ရက်နေ့တွင် မဘိမ်းမြို့နယ်၊ ကြိုးပြင် (XXIV)၊ ခန့်မှန်း မပည (KG-512063),(KG-508067), (KG-506068) နှင့် (KG-507069) နေရာများတွင် တရားမဝင် (ကျွန်း၊ပိတောက်) သစ်/တိုင်/ဓားရွေ (၁၄၉)လုံး (လုံး/တုံး)(၁၈.၆၄၃၆ ) တန်၊ တရားခံ (၁) ဦး၊ တုန်ဖုန်းအမျိုးအစား (၆)ဘီးယာဉ် (၂) စီး ၊ ချိန်းစော(၁)လက်၊တို့အားဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး တရားခံအား မဘိမ်းမြို့မ ရဲစခန်းတွင်ပပက ဥပဒေ ပုဒ်မ ၆(၁) အရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။