ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တာဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သုဝဏ္ဏမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊အသိသက်သေများ ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၄.၃.၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တာဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သုဝဏ္ဏမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊အသိသက်သေများ ပါဝင်သောအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်လမ်း၊ ကမာကြည် တံတားထိပ်တွင် ယာဉ်အမှတ် (YGN-9G/8018) တပ်ဆင်ထားသော CANTER အမျိုးအစား အဖြူရောင် (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၅၄) ချောင်း ၊ (၄.၂၂၆၆) တန် ၊ နှင့်အတူ တရားခံ (၂) ဦးဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၃ (က) အရလည်းကောင်း၊ ယာဉ်အား သစ်တောဥပဒေပုဒ်မ ၄၇(ခ) အရလည်းကောင်း ၊ အရေးယူထားပြီး ဖြစ်ပါသည်။