ကယားပြည်နယ်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ရှမ်းပိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၃.၃.၂၀၁၇ ရက်နေ့တွင် ကယားပြည်နယ်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ရှမ်းပိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့သည် ဘောလခဲမြို့နယ်၊ ဘောလခဲ-ဒေါတမကြီး ကားလမ်း မိုင်တိုင် (၆/၀) နှင့် (၆/၁)ကြား နေရာတွင် ယာဉ်အမှတ် (3J/6097) တပ်ဆင်ထားသည့် ဒန်ဘာ အမျိုးအစား အဖြူရောင် (၆) ဘီးယာဉ်ပေါ်မှ တရားမဝင်(ပိတောက်၊ အင်ကြင်း၊ အင်) ခွဲသား(၇၁) ချောင်း၊ (၂.၁၃၃၆) တန် နှင့်အတူ တရားခံ (၁) ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ခ) အရ အရေးယူဆောင်ရွက်လျက်ရှိပါသည်။