တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သန္တုတ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၃-၃-၂၀၁၇ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သန္တုတ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် ကျွန်းစုမြို့နယ် စမုံချောင်းလက်တက် ခန့်မှန်းမြေပုံညွှန်း (MP- 615590) နေရာတွင် (၄၈ပေ x ၁၃ပေx ၅ပေ ၂လက်မ) အရွယ်အစား တရုတ်အင်ဂျင် (25 H-P) တပ်ဆင်ထားသောစက်လှေ (၁) စီးပေါ်မှ အခြား (သစ်/ တိုင်) ၅၂ လုံး၊ ၃.၆၈၄ တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်များနှင့် စက်လှေအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပိုင်ရှင်အား စုံစမ်း ဖော်ထုတ်၍ ဥပဒေအရအရေးယူနိုင်ရေးစီစဉ်လျက်ရှိပါသည်။