ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများမှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၃.၃.၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများသည် တောင်ကုတ်မြို့နယ်၊ မအီချောင်း၊ သဒွန်ဆိပ်ကမ်းနှင့် (၃) ဖာလုံခန့်အကွာ ခန့်မှန်းမြေပုံညွှန်း (Y-313445) နေရာတွင် စက်လှေတစ်စီးပေါ်မှ တရားမဝင် အခြားခွဲသား (၅၀) ချောင်း၊ (၅.၄၀၈၄) တန် အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်နှင့် စက်လှေအား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိပြီး တရားမဝင်သစ်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။