ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် လက်ပံတန်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၃-၃-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် လက်ပံတန်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လက်ပံတန်းမြို့၊ ကံကြီးလမ်း၊ ဘီးလင်းတန်း လမ်းဆုံတွင် အစိမ်းရောင် ဂွန်ဒေါင်းယာဉ်ပေါ်မှ တရားမဝင် (ကျွန်း၊ ပျဉ်းကတိုး၊ အခြား) ခွဲသား(၂၈၄) ချောင်း (၄.၇၁၄၆) တန် နှင့်အတူ တရားခံ (၃) ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၃(က)၊ ၄၂ (ခ)၊ ၄၁(က) အရ အရေးယူထားရှိပါသည်။