သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ CF Unit အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား (Forest and Farm Facility - FFF) မှ စီမံကိန်းအရာရှိ Mr.Jhony Zapata မှ လာရောက်တွေ့ဆုံခြင်း

၇-၃-၂၀၁၇ ရက်နေ့၊ (၀၉ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ CF Unit အဖွဲ့ဝင်များနှင့် တာဝန် ရှိသူများအား (Forest and Farm Facility - FFF) မှ စီမံကိန်းအရာရှိ Mr.Jhony Zapata မှ လာရောက်တွေ့ဆုံ၍ FFF စီမံကိန်းလုပ်ငန်းများဆောင်ရွက်မှုနှင့် Community Forestry National Working Group-CFNWG အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းအဖွဲ့ကို ဆက်လက်ပံ့ပိုးရန်တို့အတွက် ဆွေးနွေးခဲ့ကြပါသည်။