မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း (Mekong Region Land Governance-MRLG) နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ

၇-၃-၂၀၁၇ ရက်နေ့၊ နံနက်(၀၉ : ဝ၀)နာရီအချိန်တွင် မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း (Mekong Region Land Governance-MRLG)နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ(Regional Workshop on Customary Tenure) ကို Grand Amara Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၇-၃- ၂၀၁၇ ရက်နေ့မှ ၉-၃-၂၀၁၇ ရက်နေ့ထိ ဆက်လက် ကျင်းပပြုလုပ်မည်ဖြစ်သည်။