မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ FLEGT-VPA လုပ်ငန်းစဉ် ဆောင်ရွက်နေမှု တိုင်းဒေသကြီးလွှတ်တော်သို့ ရှင်းလင်းတင်ပြဆွေးနွေးခြင်း

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ Forst Law Enforcement, Govermance and Trade, Voluntary Partenership Agreenaent (FLEGT-VPA) သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု ဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက် လုပ်ငန်းစဉ် ဆောင်ရွက်နေမှု ရှင်းလင်းတင်ပြဆွေးနွေးပွဲ အခမ်းအနားအား (၉-၃-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ National Facilitator Pallaiun မှ ကိုယ်စားလှယ် ဦးကျော်ထွန်းက FLEGT နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်ရုံး၊ သဘာဝတောနှင့်စိုက်ခင်းဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောက FLEGT-VPA ဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ ပြည်သူဗဟိုပြု အပြုသဘောဆောင်သည့် အပြန်အလှန် မေးခွန်းများ မေးမြန်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှကိုယ်စား လှယ်များ၊ FLEGT-VPA မှ ကိုယ်စားလှယ်များ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြသည်။