မဲခေါင်ဒေသ မြေယာစီမံအုပ်ချုပ်မှု စီမံကိန်းနှင့်ပတ်သက်၍ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Customary Tenure)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မဲခေါင်ဒေသမြေယာစီမံအုပ်ချုပ်မှုစီမံကိန်း (Mekong Region Land Governance – MRLG) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော မဲခေါင်ဒေသ မြေယာစီမံအုပ်ချုပ်မှု စီမံကိန်းနှင့်ပတ်သက်၍ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Customary Tenure) ကို Grand Amara Hotel ၊ နေပြည်တော်၌ ၇-၃-၂၀၁၇ မှ ၉-၃-၂၀၁၇ ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပပြုလုပ် ခဲ့ပြီး သစ်တော ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင် က နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ သုတေသနနယ်ပယ်နှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ၊ ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို မဲခေါင်ဒေသအတွင်းနိုင်ငံများတွင် ကြုံတွေ့နေရသည့် ဓလေ့ထုံးတမ်းအရ မြေယာလုပ်ပိုင်ခွင့်ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံအချင်းချင်း အတွေ့အကြုံများ မျှဝေခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။