အဌမအကြိမ်မြောက် ဒီရေတောဆိုင်ရာ နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့(NCB) အစည်းအဝေး

၁၀-၃-၂၀၁၇ ရက်နေ့၊ နံနက်(၀၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ ၌ အဌမအကြိမ်မြောက် ဒီရေတောဆိုင်ရာ နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့(NCB) အစည်း အဝေးကျင်းပပြုလုပ်ရာ ဒီရေတောဆိုင်ရာ နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့ဥက္ကဌ၊ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ MFF National Coordinator ဒေါ်ဇင်မျိုးသူ မှ မြန်မာနိုင် ငံတွင် MFF လုပ်ငန်းစဉ်များဆောင်ရွက်မှု၊ တိုးတက်မှုများနှင့် (၁၄)ကြိမ်မြောက်ဒေသ တွင်း ကြီးကြပ်မှုကော်မတီအစည်းအဝေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံသစ်တောအသင်း (MFA)အတွင်းရေးမှူး ဦးတင်အေးမှ အသေးစားစီမံကိန်း လုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းတိုးတက်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။