ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်

၁၀-၃-၂၀၁၇ ရက်နေ့၊ မွန်းလွဲ(၁၅းဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဦးသန်းထိုက်အောင်(တောအုပ်) ညွှန်ကြားရေးမှူးချုပ်ရုံး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရ စ္ဆာန်ထိန်းသိမ်းရေးဌာနမှ အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်သည့် တောရိုင်းတိရ စ္ဆာန်စီမံအုပ်ချုပ်မှုဆိုင်ရာ သင်တန်းမှ အတွေ့အကြုံများနှင့် ဦးမောင်ဝင်း(ဦးစီးအရာရှိ) အင်းတော်ကြီးကန်ဘေးမဲ့တောမှ ဂျာမနီနိုင်ငံသို့ သွားရောက်ခဲ့သည့်(ဂျာမနီနိုင်ငံ၏ ဇီဝအဝန်းနယ်မြေသို့ လေ့လာရေး ခရီးစဉ်) အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။