သစ်တောဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (Human Resource Development Plan) အစည်းအဝေး

၁၆-၃-၂၀၁၇ ရက်နေ့ နံနက်(၁ဝ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့်ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ “သစ်တောဦးစီး ဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (Human Resource Development Plan) အစည်းအဝေး” ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။