ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်

(၁၇-၃-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၅းဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ ၌ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဦးဖြိုးဇင်မွန်နိုင် (လက်ထောက်ညွှန်ကြားရေးမှူး) ညွှန်ကြားရေးမှူးချုပ်ရုံး၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာနမှ အင်ဒိုနီးရှားနိုင်ငံတွင် တက်ရောက်ခဲ့သည့် (5th Sub-Regional Workshop on Timber Legality Assurance)အလုပ်ရုံဆွေးနွေးပွဲ အတွေ့ အကြုံများနှင့် ဦးမျိုးထွန်း(တောအုပ်ကြီး) တောင်ကုတ်မြို့နယ် သစ်တောဦစီးဌာန ဂျပန်နိုင်ငံတွင် တက်ရောက်ခဲ့သည့်(Capacity Building for Strengthening Ecosystem-based Disaster Risk Reduction (Eco-DRR)Functions of Forests Against Natural Disasters ) သင်တန်း အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။