REDD+ Safeguard Roadmap အလုပ်ရုံဆွေးနွေးပွဲ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် UN- REDD+အစီအစဉ် တို့ပူးပေါင်း၍ ၂၉-၃-၂၀၁၇ ရက်နေ့ ၊ နံနက်(၉:၀၀)နာရီအချိန်တွင် အမရာဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် REDD+ Safeguard Roadmap အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ REDD+ ဆိုင်ရာ Safeguard စနစ်ကို ချမှတ်ရာတွင် မိမိနိုင်ငံနှင့် ကိုက်ညီမည့် စနစ်တစ်ခုချမှတ်ရမည်ဖြစ်သကဲ့သို့ UN-FCCC ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီရန်လိုပါသည်။ ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ REDD+safeguard လမ်းပြမြေပုံကို ရေးဆွဲရန်ဖြစ်ပြီး အဆိုပါလမ်းပြမြေပုံသည် မြန်မာနိုင်ငံ REDD+ Safeguard သတင်းစနစ်တည်ထောင်မှုကို လမ်းပြပေး သွားမည့်မြေပုံဖြစ်သဖြင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ မျှော်မှန်းထားသည့် ရလဒ် များထွက်ပေါ်လာရေးအတွက် ထိထိရောက်ရောက် ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ UN-REDD အစီအစဉ်မှ ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို(၃၀-၃-၂၀၁၇)ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။