တရားမဝင်သစ်ခုတ်လှဲ၊ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်ခြင်းအား တားဆီးကာကွယ်ရန် လူထုအခြေပြုစောင့်ကြည့် ခြင်းနှင့် သတင်းပေးပိုခြင်းစနစ် (Community Monitoring and Reporting System) အကောင်အထည်ဖော်မည့် စီမံချက်အတွက် ညှိနှိုင်းအစည်းအဝေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၂၇-၄-၂၀၁၆) ရက်နေ့၊ (၁၃ : ဝ၀)နာရီအချိန်တွင် "တရားမဝင်သစ် ခုတ်လှဲ၊ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်ခြင်းအား တားဆီးကာကွယ်ရန် လူထုအခြေပြုစောင့်ကြည့်ခြင်းနှင့် သတင်းပေးပိုခြင်းစနစ် (Community Monitoring and Reporting System)" အကောင်အထည်ဖော်မည့်စီမံချက်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းနှင့် ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန် ရှိသူများတက်ရောက်ကြသည်။ အစည်းအဝေးတွင် တရားမဝင်ခုတ်လှဲ၊ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်ခြင်းအား တားဆီးကာကွယ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့်နည်းစနစ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ကြပါသည်။