တိုင်းဒေသကြီး /ပြည်နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး /ပြည်နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ယနေ့ နံနက်(၈:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီမှ အမှာစကား ပြောကြားခဲ့ပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ဌာနအသီးသီးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်တာဝန်ခံများက ဆွေးနွေးတင်ပြ ခြင်းများနှင့် တာဝန်ရှိသူများမှ သုံးသပ် ညှိနှိုင်းခြင်းများ ဆောင်ရွက်ကြပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၃-၅-၂၀၁၇)ရက်နေ့ထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။