ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်အား Regional Observatory for South East Asia(RFO-SEA) Project Manager Ferrand မှ လာရောက်တွေ့ဆုံခြင်း

၄-၅-၂၀၁၇ ရက်နေ့ (၀၉ : ၃၀)အချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်အား Regional Observatory for South East Asia (RFO-SEA) Project Manager Ferrand မှ လာရောက်တွေ့ဆုံ၍ သစ်တောဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် သစ်တောများ စောင့်ကြည့်လေ့လာခြင်း (Forest Monitoring) ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။