ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်

(၅-၅-၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဦးမင်းမင်းဦး (ဦးစီးအရာရှိ၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန)မှ စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့်(Workshop on Urban Forestry and Biodiversity Conservation) အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။