“မိတ္ထီလာကန် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း” ၏စီမံကိန်းလုပ်ငန်း ကော်မတီအစည်းအဝေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နယ်သာလန်နိုင်ငံ ဘက်စုံရေသယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် “မိတ္ထီလာကန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း”၏ စီမံကိန်းလုပ်ငန်းကော်မတီအစည်းအဝေးကို   သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၅-၅-၂၀၁၇) ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းကော်မတီအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်နှင့်  အစိုးရဌာနအသီးသီးမှ ကော်မတီဝင်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံရုံးမှ Mr.Armand Evers နှင့် ကိုယ်စားလှယ်များ၊ နယ်သာလန်နိုင်ငံ ဘက်စုံရေသယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည့် Mr. Luuk  Brinkman၊ Mr. Jeen Kootstra နှင့်အဖွဲ့၊ မိတ္ထီလာမြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များ   တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။ အစည်းအဝေးတွင်   စီမံချက်အပေါ် အခြေခံ၍   မိတ္ထီလာကန်ကြီး ထာဝစဉ်တည်တံ့ပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်အားလုံးနှင့် တက်ရောက်လာကြသူများအားလုံးမှ  မိမိတို့၏ ကျွမ်းကျင်မှုနှင့် အသိပညာများကို အခြေခံ၍ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြပါသည်။