အင်းလေးကန်ထိန်းသိမ်းရေးအတွက် ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ ဆောင်ရွက်မည့်အစီအစဉ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်း မ၌ ၈-၅-၂၀၁၇ ရက်နေ့ (၀၉ : ဝ၀)နာရီအချိန်တွင် ရေဝေရေလဲအုပ်ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဘိုနီအား JICA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Takahiro Morita ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံ၍ JICA အဖွဲ့မှ အင်းလေးကန်ထိန်းသိမ်းရေးအတွက် ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးခဲ့ပါသည်။