ခါကာဘိုရာဇီဒေသအား ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နေရာအဖြစ် အမည်စာရင်းအဆိုပြုနိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational Scientific and Cultural Organization-UNESCO) တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် ခါကာဘိုရာဇီဒေသအား ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင်နေရာအဖြစ် အမည်စာရင်းအဆိုပြုနိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို (၉-၅-၂၀၁၇)ရက်နေ့၊ (၀၉ : ဝ၀) နာရီအချိန်တွင် နေပြည်တော် (အမရဟိုတယ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ဆက်စပ်ဌာန အဖွဲ့အစည်းများမှ အကြံပြုဖော်ထုတ်မှုဖြင့် မြန်မာနိုင်ငံ၏ကမ္ဘာ့သဘာဝအမွေအနှစ်နေရာစာရင်းအဖြစ် လျာထားမည့်နေရာ(၇)နေရာမှ ခါကာဘိုရာဇီ ဒေသအား ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နေရာအဖြစ် အမည်စာရင်းအဆိုပြုနိုင်ရေးဆိုင်ရာ အချက်အလက်များအား ကော်မတီဝင်များမှ အဖွဲ့အလိုက်ဆွေးနွေးကြပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ NGO များ UNESCO နှင့် WCS မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။