ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား အီတလီနိုင်ငံ Instituto Oikos မှ Ms.Tania Miorin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၅-၅-၂၀၁၇ ရက်နေ့ (၁၁ : ဝ၀) နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား အီတလီနိုင်ငံ Instituto Oikos မှ Ms.Tania Miorin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ သစ်တောဦးစီးဌာနနှင့် Instituto Oikos အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရခိုင်ဒေသခံပြည်သူအစုအဖွဲ့ပိုင်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။