ကျွန်းစိုက်ခင်းများ စောင့်ကြည့်စစ်ဆေးခြင်းအစီအစဉ်ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ

(၁၈-၅-၂၀၁၇ )ရက်နေ့(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား(A.D.B) ကိုယ်စားလှယ်များမှ လာရောက်တွေ့ဆုံ၍ ကျွန်းစိုက်ခင်းများ စောင့်ကြည့်စစ်ဆေးခြင်း အစီအစဉ်ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။