ပုဂ္ဂလိကသစ်တောစိုက်ခင်းများ ဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားခြင်း

- ပုဂ္ဂလိကသစ်တောစိုက်ခင်းများ ဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲကို သစ်တာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ ရုံးအမှတ်(၃၉) နေပြည်တော်၌ ၂၀၁၇ ခုနှစ်၊ မေလ (၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။

- အဆိုပါဆွေးနွေးပွဲသို့ ပုဂ္ဂလိကသစ်တောစိုက်ခင်း စိုက်ပျိုးလုပ်ကိုင်ကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးနိုင်ပါသည်။

- အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လိုသူများအနေဖြင့် မေလ (၂၃)ရက်နေ့အထိ ရုံးချိန်အတွင်း သစ်တောဦးစီးရုံးချုပ်၊နေပြည်တော်၊ဖုန်း ၀၆၇-၄၀၅၁၀၇၊ ဖက်စ် ၀၆၇-၄၀၅၁၁၁၊ ၀၆၇-၄၀၅၀၈၂၊ Email [email protected] သို့ အချိန်မီဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။