၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲ

၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲကို (၂၀-၆-၂၀၁၇) ရက်၊ နံနက်(၇ : ဝ၀)နာရီအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် နေပြည်တော်တပ်ကုန်း၊ အမှတ်(၁)ကားလမ်း မိုင်တိုင်အမှတ် ၂/၄ နှင့် ၂/၅ ကြားရှိ ဖိုးဇောင်တောင် ကြိုးဝိုင်း၊ အကွက်အမှတ် (၁၇) ရှိ သဘာဝသစ်တောအတွင်း စိုက်ပျိုးခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်၍ ဒုတိယသမ္မတများ၊ အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ အရာရှိကြီးများနှင့်ဝန်ထမ်းများ အင်အား(၄၀၀)ဦးတို့သည် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယင်းမာ၊ တမာ၊ သပြေ စသည့်ပျိုးပင်ကြီးပေါင်း (၄၀၀)ပင်ကို တပျော်တပါး နည်းစနစ်တကျစိုက်ပျိုးခဲ့ကြပါသည်။