လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများရှင်းလင်းဆွေးနွေးခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၁.၆.၂၀၁၇) ရက်နေ့ (၁၃ : ဝ၀) နာရီ အချိန်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်ပါသည်။

အခမ်းအနားတွင်လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြနှင့်ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့မှ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများအားရှင်းလင်း ဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းခြင်း၊ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ကမ္ဘာ လူ့အခွင့်အရေးကြေညာစာတမ်းစာအုပ်များနှင့်“လူ့အခွင့်အရေးကိုလေးစားလိုက်နာခြင်းဖြင့် လူ့အခွင့်အရေးမြှင့်တင်ကြပါစို့” လက်ကမ်းစာဆောင်များကို ဖြန့်ဝေပေးခဲ့ ပါသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် လုပ်ငန်းဌာနအသီးသီးမှ ဝန်ထမ်းအင်အား (၂၀၂)ဦးတို့တက်ရောက်ခဲ့ကြပါသည်။