အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂၂၈) သင်တန်းဆင်းပွဲအခမ်းအနား
ပြည်ထောင်စုစာရင်းစစ်ရုံးမှ ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂၂၈) သင်တန်းဆင်းပွဲအခမ်းအနားကို (၂၃.၆.၂၀၁၇) ရက်နေ့ နံနက်(၁၁ : ၃၀) အချိန်တွင် သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
သင်တန်းဆင်းပွဲတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၂၂.၅.၂၀၁၇)ရက်နေ့မှ (၂၄.၆.၂၀၁၇)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား/သင်တန်းသူ (၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။