ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း

(၂၃.၆.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၄ : ဝ၀)နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့ အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ Dr.ရာဇာမင်း လက်ထောက်ညွှန်ကြားရေးမှူး FRI မှ တရုတ်နိုင်ငံတွင်ကျင်းပသော Association of Tropical Botanical Garden Asia Pacific Chapter Meeting 2017အတွေ့အကြုံနှင့် Dr.တိုးတိုးအောင် လက်ထောက်ညွှန်ကြားရေးမှူး ရေဝေ/ရေလဲ မှ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော International Conference on Sustainable Mangrove Ecosystems Managing a Vital Resources for Achieving SDGs and Paris Agreement အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။