ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို (၂၇-၆-၂၀၁၇) ရက်နေ့ နံနက်(၀၉:၀၀)နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယင်းပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက် ကြသည်။

ပြည်ထောင်စုဝန်ကြီးက ၆ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီနှင့် သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်တို့က ၅ ဘာသာ ဂုဏ်ထူးရှင်(၉)ဦး၊ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ၄ ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေးနှင့် သယံ ဇာတ) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေးနှင့်မူဝါဒ) တို့က ၃ ဘာသာဂုဏ်ထူးရှင် (၂၄)ဦးတို့အား ပညာရည်ချွန်ဆု နှင့်ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မထက်စံရွှန်းလဲ့မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများသည် ၂၀၁၆-၂၀၁၇ ၊ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင်(၉)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင်(၄၀)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်(၁၀၅)ဦး၊ စုစုပေါင်း(၁၉၉)ဦးမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၅၃၆)ဦး အပါအဝင် စုစုပေါင်း(၇၃၅)ဦး အောင်မြင်ခဲ့ကြောင်း သတင်းရရှိပါသည်။