Edotco Myanmar Limited မှ သစ်တောဦးစီးဌာနသို့ မော်တော်ဆိုင်ကယ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၇-၆-၂၀၁၇)ရက်နေ့၊ (၁၄ : ဝ၀)နာရီ အချိန်တွင် Edotco Myanmar Limited မှ သစ်တောဦးစီးဌာနသို့ မော်တော်ဆိုင်ကယ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာ စကားပြောကြားပြီး Edotco Myanmar Limited မှ Country Managing Director Mr. Vijendran(VJ) Watson မှ မော်တော်ဆိုင်ကယ်များ လှူဒါန်းခြင်းအကြောင်း ရှင်းလင်းတင်ပြ၍ ကုမ္ပဏီမှ သစ်တောဦးစီးဌာနအတွက် CZI အမျိုးအစားမော်တော် ဆိုင်ကယ်(၁၀)စီးအား စာရွက်စာတမ်းများနှင့်အတူ ပေးအပ်လှူဒါန်းပါသည်။ ပေးအပ်လှူဒါန်းသည့် မော်တော်ဆိုင်ကယ်များအား တိုင်းဒေသကြီး/ပြည်နယ်များရှိ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောတိုးချဲ့ဖွဲ့စည်းခြင်းလုပ်ငန်းများ၊ သစ်တောကာကွယ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်ရသော ဝန်ထမ်းများကို ဦးစားပေးခွဲဝေပေးသွားမည်ဖြစ်ပါသည်။