နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် International Union for Conservation of Nature (IUCN) ၏ Mangroves for the Future (MFF)၊ Wildlife Conservation Society (WCS)နှင့် Fauna and Flora International (FFI) တို့ ပူးပေါင်းကျင်းပသည့်နိုင်ငံ အဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၉-၆-၂၀၁၇)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ် ဗဟိုကော်မတီ အစည်းအဝေး၏ လမ်းညွှန်ချက်၊ ဆုံးဖြတ်ချက်များနှင့်အညီ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေ ကြသည့် အဖွဲ့အစည်းများ အချင်းချင်းအတွေ့အကြုံ ဖလှယ်ကြပြီး ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန် အတွက် ကျင်းပရခြင်းဖြစ်ပါတယ်၊ အလုပ်ရုံဆွေးနွေးပွဲတွင်ဒီရေတောနှင့်သန္တာကျောက်တန်းများဆိုင်ရာ ပညာပေးဗွီဒီယို မှတ်တမ်းများပြသခြင်းနှင့် တက်ရောက်လာသူများမှ ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာ ကိစ္စရပ်များအား အကြံပြုတင်ပြ ဆွေးနွေးကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဆိုင်ရာ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ NGOs , INGOs များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ IUCN / MFF, WCS, FFI တို့မှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲအား (၃၀-၆-၂၀၁၇) ရက်နေ့ ထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။