သစ်တောကဏ္ဍသိလိုသမျှ

(၈၆) ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ရန်မည်ကဲ့သို့လျှောက်ထားရမည်၊ မည်သည့် နေရာ များတွင် ခွင့်ပြုနိုင်ပါသလဲ?
ဖြေ။ ပုဂ္ဂလိကစိုက်ခင်းတည်ထောင်လိုသည့် ပုဂ္ဂလိက/အဖွဲ့အစည်း/ကုမ္ပဏီများသည် သစ် တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြလျှောက်ထားနိုင်ပြီး သစ်တော စီမံအုပ်ချုပ် ခွင့်ရှိသောမြေ(ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော)များရှိ တောပျက်မြေ/ ဌာနမှဆောင်ရွက်သည့် စိုက်ခင်းအခြားမြေအသုံးချသည့် အစီအစဉ်များနှင့် လွတ်ကင်းသောမြေများတွင် ပုဂ္ဂလိကစိုက်ခင်း လျှောက်ထား ခြင်းအား စိစစ်ခွင့်ပြုပေး လျှက်ရှိပါသည်။
(၈၇) ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ရန် လုပ်ငန်းရှင်တစ်ဦးအား ခွင့်ပြုနိုင်မည့် ပမာဏကို ပြောပြပါ ?
ဖြေ။ သစ်တောနယ်မြေများအတွင်း ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင် ခွင့်ပြုရာတွင် ပုဂ္ဂလိက(ကျွန်း)စိုက်ခင်းတည်ထောင်ခြင်းကိုအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူ၍ ဧက(၅၀၀) အထိ ခွင့်ပြုပြီး ပုဂ္ဂလိက(စက်မှုကုန်ကြမ်း) တည်ထောင်ခြင်းကို ပြည်ထောင်စုဝန်ကြီးဌာနမှ ဧက(၂၀၀)အထိ၎င်း၊ ပုဂ္ဂလိက (သစ်မာ)စိုက်ခင်း တည်ထောင်ခြင်းကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၏ အတည်ပြုချက် ဖြင့် ဧက(၁၀၀)အထိ ၎င်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုလျှက် ရှိပါသည်။ အဆိုပါဧရိယာထက်ပိုမို၍ အကြီးစားရင်းနှီးမြှုပ်နှံ မှုဖြင့် ဧရိယာကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်လိုပါက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အိတ်ဖွင့်တင်ဒါ (Open Tender) စနစ်ဖြင့် ဆောင်ရွက်သည့်အခါ ဝင်ရောက်ယှဉ်ပြိုင်လျှောက်ထားနိုင်ပါသည်။