သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၁၀-၇-၂၀၁၇)ရက်နေ့၊ (၁၃:ဝ၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာနတွင် အသုံးပြုရန် လိုအပ်သည့် ရုံးလုပ်ငန်းသုံး ပစ္စည်း များအား တင်ဒါစနစ်ဖြင့် ဝယ်ယူနိုင်ပါရန်အတွင် တင်ဒါပွဲ ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၁၀-၇-၂၀၁၇)ရက်နေ့၊ (၁၃:ဝ၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာနတွင် အသုံးပြုရန် လိုအပ်သည့် ရုံးလုပ်ငန်းသုံး ပစ္စည်း များအား တင်ဒါစနစ်ဖြင့် ဝယ်ယူနိုင်ပါရန်အတွင် တင်ဒါပွဲ ကျင်းပပြုလုပ်ရာ တင်ဒါပွဲ ကျင်းပရေးကော်မတီ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်…
တင်ဒါအခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ဝယ်ယူလိုသည့် လုပ်ငန်းသုံး ပစ္စည်းများအား ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များမှ စျေးပြိုင်တင်ဒါစနစ် ဖြင့် စျေးနှုန်းတင်သွင်းကြပြီး စျေးပြိုင်တင်ဒါစနစ်ဖြင့် တင်သွင်းမှုများအပေါ် တင်ဒါကျင်းပရေးကော်မတီမှ တင်ဒါစည်းကမ်းချက်များနှင့်အညီ အောင်မြင်သူများ အား ရွေးချယ်အတည်ပြုခဲ့ကြပါသည်…