၂၆-၆-၂၀၁၇ ရက်နေ့ (၁၅:၀၀)နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ တရားမဝင်သစ်ခိုးယူသယ်ဆောင်မှုများအား စုံစမ်းရှာဖွေခဲ့ရာ

၂၆-၆-၂၀၁၇ ရက်နေ့ (၁၅:၀၀)နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ဦးစီးအရာရှိ၊ သံဖြူဇရပ်မြို့နယ် ဦးစီးဌာနမှူးနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ လ.စ.ရ (၂)မှ ဗိုလ်ကြီး၊ မုဒုံ/သံဖြူဇရပ်/ကမာဝက်/ကျိုက္ခမီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြောင်းခရီးဖြင့် တရားမဝင်သစ် ခိုး ယူသယ်ဆောင်မှုများအား စုံစမ်းရှာဖွေခဲ့ရာ မုဒုံမြို့နယ်၊ အဘစ်ဘိနယ်၊ ကမာအုပ်ကျေးရွာ၊ ဝယ်ဗြဲချောင်းအတွင်း စက်လှေ(၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း (၄၀) တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/စက်လှေများနှင့် ဆက်စပ်ပတ်သက်သူ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်ပေးရန် သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်လှစ်ဆောင်ရွက်သွားပါမည်။