သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့်တာဝန်ရှိသူများအား(ဂျပန်နိုင်ငံမာကီဒိုရုက္ခဗေဒဥယျာဉ်(MBK)မှ ညွှန်ကြားရေးမှူးချုပ် Dr. Hajime Mizukani နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ

၁၃.၇.၂၀၁၇ ရက်နေ့ မွန်းလွဲ(၁၄းဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား (ဂျပန်နိုင်ငံ မာကီဒိုရုက္ခဗေဒဥယျာဉ်(MBK)မှ ညွှန်ကြားရေးမှူးချုပ် Dr. Hajime Mizukani နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ဂျပန်နိုင်ငံ မာကီဒိုရုက္ခဗေဒဥယျာဉ်(MBK)နှင့် သစ်တောဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်လျှက် ရှိသည့် ရုက္ခဗေဒနှင့် အပင်မျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပန်းပုံစံပြတိုက် အဆင့်မြင့်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ အားဆွေးနွေးခဲ့ကြပါသည်…