သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်

(၁၄-၇-၂၀၁၇)ရက်နေ့၊ (၁၄:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဒေါ်ဆုစန္ဒာအောင်(တောအုပ်ကြီး)ဝန်းကျင်/သားငှက်ဌာနမှ ထိုင်းနိုင်ငံတွင် သွားရောက်လေ့လာခဲ့သည့် (ရေဝပ်ဒေသများ စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်းဆိုင်ရာ လေ့လာရေးခရီးစဉ်)အတွေ့အကြုံများနှင့် ဦးအောင်ဆန်း(လက်ထောက်ညွှန်ကြားရေမှုး) ဝန်းကျင်/သားငှက်ဌာနက တရုတ်နိုင်ငံ တွင်တက်ရောက်ခဲ့သည့်(Thaining On Tourism Management in BIMP-DAGA,IMT-GT and GMS-Enhaning People to People Connetivity for Inclusive Growth) အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။