သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော ဦးစီးအရာရှိ(ငွေစာရင်း) ခန့်ထားနိုင်ရန်အတွက် ရေးဖြေစာမေးပွဲကျင်းပခြင်း

    သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော ဦးစီးအရာရှိ(ငွေစာရင်း)         (လစာနှုန်းကျပ် ၂၅၀၀၀၀-၄၀၀၀-၂၇၀၀၀၀)ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် စာရင်းစစ်(၁)/ ရုံးအုပ်များအား လူတွေ့စစ်ဆေးခြင်းပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
   ပြည်ထောင်စုရာထူးဝန်အဖွဲ့၏(၉-၆-၂၀၁၇)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်သည့်နိုင်ငံဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများအရ ရေးဖြေစစ်ဆေးခြင်းပြုလုပ်ရမည်ဖြစ်ပါသဖြင့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ဝန်ထမ်းများအား ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန် ၁၇-၇-၂၀၁၇ ရက်နေ့ နံနက်(၉:၃၀)တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ထမင်းစားဆောင်တွင် ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်…
  အဆိုပါရေးဖြေစာမေးပွဲတွင် ဘဏ္ဍာရေးဆိုင်ရာ မေးခွန်းများအတွက်(၇၀)မှတ်နှင့် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများအတွက်(၃၀)မှတ် စုစုပေါင်း(၁၀၀)မှတ်အတွက် မေးခွန်းများမေးမြန်း၍ ဖြေဆိုစေခဲ့ပြီး ရေးဖြေစာပေးပွဲကျင်းပရာသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများမှ ကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။
    ရေးဖြေစာမေးပွဲတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် ရုံးအုပ်/စာရင်းစစ်(၁)အဆင့် ဝန်ထမ်း(၄)ဦးဖြေဆိုခဲ့ကြောင်းသိရှိရပါသည်။