ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးခေါင်းဆောင်၍ ပန်းတောင်းမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား တောတွင်းနေရာများတွင် ကွင်းဆင်းရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ

၁၄-၇-၂၀၁၇ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးခေါင်းဆောင်၍ ပန်းတောင်းမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား တောတွင်းနေရာများတွင် ကွင်းဆင်းရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကြိုးဝိုင်း အကွက်အမှတ် (၇၉)နှင့် (၈၁) တောတွင်းနေရာများမှ တရားမဝင် ကျွန်း/သစ်ယာ/စကားဝါ/ယမနေ အပါအဝင် စုစုပေါင်း (၅၀)ချောင်း (၄.၀၇၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ် နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။