ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၁၅-၇-၂၀၁၇ ရက်နေ့ ၁၆:၀၀ နာရီအချိန်တွင် ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့သည် ဝက်လက်မြို့နယ် သစ်ရှားကွဲဘိနယ်၊ ဟန်လင်းကျေးရွာအနောက်ဘက်ရှိ တစ်ဖက်ဆည်အနီး၊ ဟန်လင်း-စိုင်နိုင်ကွေ့သွားကားလမ်းမပေါ်တွင် ရပ်တန့်ထားသောယာဉ်အမှတ်(MDY 3B-8194)UD Nissan Condor (၆) ဘီး ခေါင်းလိမ္မော်ရောင်ယာဉ်အားစစ်ဆေးရာတရားမဝင် တမလန်းခွဲသား(၈၄ ချောင်း=၅. ၆၀၃၈တန်)အား တရားခံ (၁)ဦးနှင့်ဖမ်းဆီးရမိခဲ့ပါသည်။