ကျေးလက်နေ ပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အထောက်အကူပြု ဝါးအခြေခံလက်မှုပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန(KFS)တို့ ပူးပေါင်း၍ (၁၈-၈-၂၀၁၇)ရက်နေ့ နံနက်(၁၅:၀၀)နာရီ အချိန်တွင် သစ်တောသုတေသနဌာန(ရေဆင်း) စုဝေးခန်းမ၌ ကျေးလက်နေ ပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အထောက်အကူပြု ဝါးအခြေခံလက်မှုပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ါသည်။ ယခု သင်တန်းတွင် ပဲခူးခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ မြောက်ဇာမဏီကြိုးဝိုင်း ပတ်ဝန်းကျင် ကျေးရွာများရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းတွင် ဝါးပက်လက် ကုလားထိုင်၊ ဝါးစားပွဲ၊ ဝါးထိုင်ခုံ၊ ဆန်ကော၊ ဆန်ကာ၊ အုပ်ဆောင်း စသည့်ကုန်ပစ္စည်းများ ပြုလုပ်သည့် ပညာရပ်များကို ကျွမ်းကျင်ပညာရှင်များက တတ်မြောက်သည်အထိ စာတွေ့ လက်တွေ့ ထိ ရောက်စွာ သင်ကြားပေးခြင်း၊ ဝါးအခြေခံအိမ်သုံးနှင့် လယ်ယာသုံးကုန်ပစ္စည်းများ စီးပွားဖြစ် ထုတ်လုပ်သည့်နေရာများသို့ သွားရောက်လေ့လာ စေခြင်းဖြင့် သင်ကြားပေးခဲ့ပါသည်။ သင်တန်းမှ သင်ကြားပို့ချခဲ့သည့် ပညာရပ်များဖြင့် မိမိတို့၏ နေ့စဉ်အသက်မွေး ဝမ်းကျောင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)ဦးဇော်မင်း တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာအရာရှိကြီးများ၊ သင်တန်းနည်းပြဆရာများ၊ သုတေသီများ နှင့် သင်တန်းသား ကျေးလက်ပြည်သူများ တက်ရောက်ကြသည်။ သင်တန်းကို သြဂုတ်လ (၇)ရက်နေ့ မှ (၁၈)ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ (၂၀)ဦး တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။